မနေ့တနေ့က ဖြစ်မည်ထင်သည်။ အသိတစ်ယောက်နှင့် စကားလက်ဆုံကျရင်း မြန်မာပြည်က နည်းပညာနှင့် ပတ်သက်သည့် အကြောင်းပြောဖြစ်သည်။ ထုံးဓံအတိုင်း ပြောရင် ရယ်ရင်းပေါ့။
ဒါနဲ့စကားစပ်မိရင်း domain name ကို .com.mm ဖြင့် မြန်မာပြည်တွင် ၀ယ်မည်ဆိုလျှင် ဘယ်လိုလုပ်ရသည်ကို ပြောဖြစ်သည်။ ၂၀၀၆ မေလ လောက် ဖြစ်မည်ထင်သည်။ မြန်မာပြည်ပြန်ရောက်တော့ domain name လေးဘာလေး ၀ယ်မလား စဉ်းစားမိသည်။
ဒါနဲ့ ဒီအပိုင်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ အကိုတယောက်ကို မေးကြည့်မိသည်။ သူပြန်ပြောပြတော့ ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနှင့် ဘာထပ်မေးရမည်မသိ။
အကျဉ်းချူံးရရင်တော့ ဒါတွေလုပ်ရသည်ပေါ့။ ပထမဆုံးက domain name ကို ၀ယ်ချင်တိုင်းဝယ်လို့မရ။ domain name ၀ယ်ချင်လျှင် company ရှိရမည်။ company ထောင်ရန်အတွက် ၄ လမှ ၆ လထိ ကြာနိုင်သည်။ company ရှိလျှင်လည်း domain နာမည်ကို ကြိုက်တာယူလို့မရပါတဲ့။ company နာမည်ကိုပဲယူရမယ်ဟုဆိုသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး။ ထောက်လှန်းရေးကို ဖြတ်ရသည်ဆိုပဲ။ သူတို့ဆီက လက်မှတ်လိုသည်။ နိုင်ငံရေးနှင့် ကင်းရှင်းဘာသည် ညာသည်ပေါ့။
ဒါကတော့ မြန်မာ့ "ဓလေ့" ပေါ့လေ။ အခုတော့ ဘယ်လိုနည်းစနစ်တွေ သုံးနေသည်မသိ။ အနောက်နိုင်ငံက "ဓလေ့" ကတော့ နံပါတ် ၁၉ လုံး၊ ရက်စွဲ နှစ်ခုနှင့် အချိန် ၂ မိနစ်ပေးနိုင်လျှင် domain name ၀ယ်လို့ရသည်။ domain name ၀ယ်ဘူးသူ ဒါမှာမဟုတ် online shopping လုပ်သူတွေ ဒီနံပါတ်တွေနှင့် ရက်စွဲကို သိကြသည်။
အော်... မြန်မာပြည်မှာ domain name ၀ယ်ဖို့ လိုအပ်ချက်တွေက လောလောဆယ် ၁၉ ချက်လောက်တောင်မှာ မရှိသေးတော့ နောက်ထပ်ဘာတွေ တိုးလာမလဲဆိုတာကို မိတ်ဆွေနဲ့ အတူ စဉ်းစားမိနေကြပါသေးတယ်....
5/06/2007
Subscribe to:
Post Comments (Atom)
5 comments:
Wow are you serious? Too many restrictions even for buying one domain name. Gosh that's so ridiculous!
yeap. that's how it works in there. there'r more stories on this.
ကိုဟိန်းငယ် - အစ်ကို့ရဲ့ ဘလော့ခ် ဆိုတာဘာလဲ နဲ့ မြန်မာ ဘလော့ခ်ဂါများ .... (၁) ကို Myanmar Blog Book အတွက် စာမူကြမ်းအဖြစ် တင်ပေးပြီးပါပြီ။ http://mmblogbook2.blogspot.com/2007/05/blog-post_11.html မှာဖတ်လို့ရပါတယ်။
Mr.Pooh
mr. pooh
thanks for readin through my tedious posts and recommendin the post. hope it'd get selected.
happy blogin!
Nice blog! visited.
Post a Comment