Showing posts with label politic. Show all posts
Showing posts with label politic. Show all posts

10/24/2007

0 Comments
Posted in Arrangement, Art, Business

စက်တင်ဘာ နည်းပညာအရေးအခင်း (သို့) မြန်မာပြည်က ဆိုဒ်ဘာ သူပုန်များ

စက်တင်ဘာ အရေးအခင်းအတွင်း မြန်မာပြည်က ဘလောက်ဂါတွေနဲ့ သတင်းရိုက်ကူးပေးပို့ခဲ့သူတွေဘာ ပြန်စဉ်းစားကြည့်ရင် အမှန်တကန်ကို အရေးပါတဲ့နေရာကနေ ပါဝင် လုပ်ရှားခဲ့သူတွေပါ။


သူတို့ ရိုက်ကူးပေးပို့လို့ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့နေကြခဲ့ရတာပါ။


မြန်မာပြည်သူတွေကလည်း ခံရပေါင်းများတော့ အစိုးရအကြောင်း နောကျေ နေတယ် ထင်ပါတယ်။ အစိုးရကလည်း ပြည်သူတွေကို ကြောက်အောင်၊ ငြိမ်သွားအောင် ဘယ်လိုထိန်းရမယ်ဆိုတာကိုလည်း နောကျေ နေပုံရပါတယ်။


ပြည်သူကလည်း အစိုးရ မတရားတာ မဟုတ်တာ လုပ်သမျှကို သက်သေထူနိုင်အောင်လို့ ဖြစ်ရင်ဖြစ်သလို မှတ်တမ်းတင်ရိုက်ကူးပြီး နိုင်ငံတကာသိအောင်လုပ်ကြ ၊ အစိုးရကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒီမှတ်တမ်းတွေကို ဖျောက်ဖျက်၊ ဒါမှမဟုတ် ပြည်ပကို ထွက်မသွားအောင် လုပ်ကြပါတယ်။


ဘယ်သူနိုင်သွားပါသလဲ ???


မြန်မာအစိုးရက ပြည်သူတွေကို ထိမ်းချုပ်တဲ့သက်တမ်းက နှစ်လေးဆယ်ကျော်ပြီ၊ ဒီကြားထဲ အရေးအခင်း အသေးအကြီးပေါင်းစုံကို နှိမ်နှင်းလာတာလား မနည်းတဲ့ဘူး ၊ အဲ့တော့ လူတွေကို ထိမ်းသိမ်းဖို့က သူတို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်မလား။


နည်းပညာပိုင်းနဲ့ ပတ်သက်လို့ နည်းပညာပုန်ကုန်မူဆိုတာက စက်တင်ဘာက ဖြစ်သွားတာဘာ မြန်မာ အစိုးအရအတွက် ပထမဆုံးပါ။ အပိုင်းမှက အစိုးရက အတွေ့အကြုံက မရှိသလောက်နည်းလေတော့ မြန်မာဘလောက်ဂါတွေ (နည်းပညာသူပုန်) တွေရဲ့ ထိုးနက်မူကို ကောင်းကောင်းခံခဲ့ရပါတယ်။


သူတို့ (ဘလောက်ဂါတွေ) ဟာ တကယ်ကို အရေးကြီးတာတွေကို လုပ်နိုင်ခဲ့ကြတာပါ။ နာရီပိုင်းအတွင်းမှာကို ဓါတ်ပုံတွေ၊ ဖုန်းနဲ့ ရိုက်ထားတဲ့ ဗီဒီယို အသေးစားလေးတွေကို တင်နိုင်ခဲ့ကြတဲ့ အထိပါ။ Gtalk နဲ့ Chat လုပ်ရင်တောင် တခါတလေ စာလုံးတောင် ဖြောင့်အောင်မသွားတဲ့ မြန်မာပြည်က အင်တာနက် အမြန်နှုန်းနဲ့ ဒီလို ဓါတ်ပုံတွေ သတင်းတွေ ချက်ချင်းဆိုသလို တင်ပေးနိုင်ခဲ့တာတွေကတော့ အထင်ကြီး လေးစားစရာပါ။ နည်းပညာထက် သူတို့တွေရဲ့ စိတ်ဓါတ်နဲ့ သတ္တိကတော့ ပိုလေးစားထိုက်ပါတယ်။


သတင်းတွေ အပြင်ကို တော်တော်ရောက်သွားမှ အစိုးရက ရန်ကုန်က ပင်မအင်တာနက်ကို ဖြတ်ချပြီး နောက်ထပ်သတင်းတွေ ထပ်မထွက်အောင် ထားဆီးခဲ့တာပါ။


အကျဉ်းကတော့ စက်တင်ဘာ အရေးအခင်းမှာ အစိုးရရဲ့ သတင်းထိမ်းချုပ်မူဟာ လုံးလုံးမအောင်မြင်ခဲ့ဘူးဆိုတာပါဘဲ။ ဆိုဒ်ဘာ သူပုန်တွေဟာ ဖြစ်ရပ်မှန်တွေကို မှတ်တမ်းတင် ပေးပို့နိုင်ခဲ့ကြပါတယ်။


ဒါပေမယ့် ဘလောက်ဂါတွေ ၊ သတင်းရိုက်ကူးသူတွေ သတိထားရမှာကတော့ နောက်တခါ ဒီလိုအရေး ထပ်ကြုံလာရင် စက်တင်ဘာအရေးအခင်းတုန်းကလောက်တော့ လွယ်တော့မှာ မဟုတ်ဘူးဆိုတာဘာဘဲ။ အစိုးရကလည်း တခါခံထားရတော့ အတွေ့အကြုံရသွားပြီ၊ တော်တော်လည်း ဘလောက်ဂါတွေကို မုန်းသွားပြီဆိုတော့ ... အင်း... သတိထားကြပေါ့။