3/30/2007

0 Comments
Posted in Arrangement, Art, Business

ဘလော့ခ် ဆိုတာဘာလဲ နဲ့ မြန်မာ ဘလော့ခ်ဂါများ .... (၁)

မြန်မာတွေ တော်တော်များက ဘလော့ခ်ဆိုတာကို ဘာလဲ ဆိုတာကို မသိကြပါဘူး ... သိတဲ့သူကလည်း အတော်လေးကို ထဲထဲဝင်ဝင် သိနေကြပါတယ်...

မြန်မာတွေ ရေးတဲ့ ဘလော့ခ်တွေကို အရင်တုန်းကလည်း တွေ့ဘူးပါတယ်... ကျွန်တော်လည်း ဘလော့ခ်ဆိုတာ စပေါ်တုန်းကတည်းကရင်း ရေးဘူးပါတယ်... ဒါပေမယ့် .. ခဏပါ..

ဖတ်မဲ့သူကလည်း ကိုယ့်အပြင် ဘယ်သူမှ မရှိဆိုတော့ မရေးဖြစ်တာပါ.. နောက် အဲတုန်းက ၂၀၀၄-၅ လောက်ပဲရှိဦးမယ်ထင်ပါတယ် ... www.blogger.com စပေါ်ခါစပေါ့ပါ...

Google က blogger.com ကိုတောင် မ၀ယ်ရသေးပါဘူး ... အဲ့တုန်းက မြန်မာစာရေးဖို့ ယူနီကုတ်ဆိုတာလည်း ဘယ်နားနေမှန်းမသိပါ... ဇော်ဂျီတို့ မြဇေတီတို့ ပေါ်ပြီလို့တော့ ထင်ပါတယ်...

ကျွန်တော်တောင် ၀င်းအင်းဝကို EOT သုံးပြီး ရေးခဲ့ပါသေးတယ်...

အခုတော့ မြန်မာလို ယူနီကုတ်နဲပ ဘလော့ခ်ရေးတဲ့သူ ရာဂဏန်းလောက်တော့ရှိနေပါပြီး ... ဒီလူတွေကို
မြန်မာဘလော့ခ်ဂါ လမ်းညွှန်တို့ 3M Tunes တို့မှာ သွားကြည့်လို ရပါတယ်...

ကိုယ်ကလည်း သူများတွေ ရေးတာတွေ့ပြီး အားကျတာနဲ့ ရေးမယ်ဆိုပြီး ဒီစာကို ရေးလိုက်တာပါ...

ကျွန်တော်ဖတ်ဖူးတဲ့ ညီးလင်းဆက်တို့ ဘာတို့ဆို အတော်လေးကို ကောင်းပါတယ် ... မြန်မာ ဘလော့ခ်တွေ ဒီလောက်များလာတာ သူတို့ တွေရဲ့ အကူအညီတွေ အတော်လေးပါပါတယ်...

နောက် မန္တလေးက မောင်လှ ဆိုတော့ ဘလော့ခ်ဆိုရင်လည်း တကယ်ကို ကောင်းပါတယ်... ပုံတွေနဲ့ တကယ့်ကို ဝေေ၀ဆာဆာပါဘဲ .... ကျွန်တော်ကတော့ မြန်မာပြည်ကနေ ဘလော့ခ်ရေးတဲ့သူတွေကို ပိုလေးစားပါတယ်...

သူတို့ရဲ့ နည်းပညာကို ချစ်မြတ်နိုးမူနဲ့ အရေးသားကောင်းတာတွေလည်း ပါပါတယ်..

ပြည်ပက မြန်မာတွေမှာတောင် ဘလော့ခ်ဆိုတာ မသိတဲ့သူတွေများပါတယ်... မြန်မာတွေဘဲလားဆိုတော့ မဟုတ်ပါဘူး... တစ်ချို့ဒီမှာနေတဲ့သူတွေတောင် မသိတဲ့သူတွေရှိပါတယ်...

ဘလော့ခ်ဆိုတာက အင်တာနက်မှာ လူတွေ မှတ်တမ်း မှတ်စုတွေ ရေးတဲ့ နေရာဖြစ်ပြီးတော့ ဒီမှတ်စုတွေကို အချိန်လိုက် အစီအစဉ်နဲ့ ကြည့်လို့ရတယ် လို့ Wikipedia မှာ ရှင်းထားပါတယ်။

ဒီနေရာက စပြီး ဘလော့ခ်ဆိုတာကို မှတ်စုလို့ဘဲ သုံးသွားပါတယ်။

ဒီမှတ်စုတွေဟာ အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်တဲ့ သတင်းတွေ သို့ ထင်မြင်ချက်တွေ ကို ရေးသားတာ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းအရာမျိုးတွေလည်းဆိုတော့ အစားအသောက် ၊ နိုင်ငံရေး ၊ တေးဂီတ ၊ ရပ်ကွက်သတင်း တို့ အပြင် အခြားသူတွေ့ရဲ့ မှတ်စုတွေ အကြောင်းလည်း ဖြစ်နိုင်ပါတယ်။

ပုံမှန် မှတ်စုတစ်ခုဟာ သူတို့ ပြောဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာသားတွေ ၊ ပုံတွေ ၊ လင့်ခ်တွေ ပါနိုင်ပါတယ်။

တချို့ကျတော့ အကြောင်းအရာ တစ်ခုပေါ်မှာ ဆွေးနွေးပြောဆိုတာ မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် ယူဆချက်တွေ ၊ အရေးအသားတွေကို မျှဝေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဥပမာ ..ကိုယ်ပိုင် ကဗျာ ၊ သီချင်းတွေ ၊ ဟင်းချက်နည်းတွေ ဖြစ်ပါတယ်။

ဘလော့ခ်ဟာ ကွန်ပြုတာသမားတွေ အတွက် အစိမ်းကြီး မဟုတ်လှပေ့မယ့် ပုံမှန်လူတွေအတွက်တော့ အချိန်ပေးမှ ရေးနိုင်မှာ ဖြစ်ပါတယ်...

မြန်မာတွေဟာ မြန်မာလက်ကွက်ကိုတောင်မှာ ကောင်းကောင်းမရိုက်နိုင်တဲ့ အချိန်မှာ ယူနီကုတ်ကို သွင်းပြီး CSS ကို ပြောင်းဖို့လိုတဲ့ ဘလော့ခ်ကို ရေးဖို့ဆိုတာ ပုံမှန်လူတွေအတွက် ခက်ခဲနေပါသေးတယ်...

လူသန်း ၄၀ ကျော်ရှိတဲ့ မြန်မာတွေမှာ မှတ်စုရေးတဲ့သူဟာ ၂၀၀၇ အခုချိန် (၃ လပိုင်း) အထိ ရာဂဏန်းသာ ရှိနေပါသေးတယ်။

မြန်မာပြည်ကနေ ရေးတဲ့သူဆိုရင် လက်ချိုးရေလို့ ရမယ်လို့ ထင်ပါတယ်...