tag:blogger.com,1999:blog-138888162024-03-08T10:01:29.373+00:00Hein Thet Khin ZawHeinngehttp://www.blogger.com/profile/06504924571092371711noreply@blogger.comBlogger7125tag:blogger.com,1999:blog-13888816.post-60757990186141202682007-10-24T01:02:00.001+01:002007-10-24T01:09:14.984+01:00စက်တင်ဘာ နည်းပညာအရေးအခင်း (သို့) မြန်မာပြည်က ဆိုဒ်ဘာ သူပုန်များစက်တင်ဘာ အရေးအခင်းအတွင်း မြန်မာပြည်က ဘလောက်ဂါတွေနဲ့ သတင်းရိုက်ကူးပေးပို့ခဲ့သူတွေဘာ ပြန်စဉ်းစားကြည့်ရင် အမှန်တကန်ကို အရေးပါတဲ့နေရာကနေ ပါဝင် လုပ်ရှားခဲ့သူတွေပါ။

သူတို့ ရိုက်ကူးပေးပို့လို့ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့နေကြခဲ့ရတာပါ။

မြန်မာပြည်သူတွေကလည်း ခံရပေါင်းများတော့ အစိုးရအကြောင်း နောကျေ နေတယ် ထင်ပါတယ်။ အစိုးရကလည်း ပြည်သူတွေကို ကြောက်အောင်၊ ငြိမ်သွားအောင် ဘယ်လိုထိန်းရမယ်ဆိုတာကိုလည်း နောကျေ နေပုံရပါတယ်။

ပြည်သူကလည်း အစိုးရ မတရားတာ မဟုတ်တာ လုပ်သမျှကို သက်သေထူနိုင်အောင်လို့ ဖြစ်ရင်ဖြစ်သလို မှတ်တမ်းတင်ရိုက်ကူးပြီး နိုင်ငံတကာသိအောင်လုပ်ကြ ၊ အစိုးရကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒီမှတ်တမ်းတွေကို ဖျောက်ဖျက်၊ ဒါမှမဟုတ် ပြည်ပကို ထွက်မသွားအောင် လုပ်ကြပါတယ်။

ဘယ်သူနိုင်သွားပါသလဲ ???

မြန်မာအစိုးရက ပြည်သူတွေကို ထိမ်းချုပ်တဲ့သက်တမ်းက နှစ်လေးဆယ်ကျော်ပြီ၊ ဒီကြားထဲ အရေးအခင်း အသေးအကြီးပေါင်းစုံကို နှိမ်နှင်းလာတာလား မနည်းတဲ့ဘူး ၊ အဲ့တော့ လူတွေကို ထိမ်းသိမ်းဖို့က သူတို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်မလား။

နည်းပညာပိုင်းနဲ့ ပတ်သက်လို့ နည်းပညာပုန်ကုန်မူဆိုတာက စက်တင်ဘာက ဖြစ်သွားတာဘာ မြန်မာ အစိုးအရအတွက် ပထမဆုံးပါ။ အပိုင်းမှက အစိုးရက အတွေ့အကြုံက မရှိသလောက်နည်းလေတော့ မြန်မာဘလောက်ဂါတွေ (နည်းပညာသူပုန်) တွေရဲ့ ထိုးနက်မူကို ကောင်းကောင်းခံခဲ့ရပါတယ်။

သူတို့ (ဘလောက်ဂါတွေ) ဟာ တကယ်ကို အရေးကြီးတာတွေကို လုပ်နိုင်ခဲ့ကြတာပါ။ နာရီပိုင်းအတွင်းမှာကို ဓါတ်ပုံတွေ၊ ဖုန်းနဲ့ ရိုက်ထားတဲ့ ဗီဒီယို အသေးစားလေးတွေကို တင်နိုင်ခဲ့ကြတဲ့ အထိပါ။ Gtalk နဲ့ Chat လုပ်ရင်တောင် တခါတလေ စာလုံးတောင် ဖြောင့်အောင်မသွားတဲ့ မြန်မာပြည်က အင်တာနက် အမြန်နှုန်းနဲ့ ဒီလို ဓါတ်ပုံတွေ သတင်းတွေ ချက်ချင်းဆိုသလို တင်ပေးနိုင်ခဲ့တာတွေကတော့ အထင်ကြီး လေးစားစရာပါ။ နည်းပညာထက် သူတို့တွေရဲ့ စိတ်ဓါတ်နဲ့ သတ္တိကတော့ ပိုလေးစားထိုက်ပါတယ်။

သတင်းတွေ အပြင်ကို တော်တော်ရောက်သွားမှ အစိုးရက ရန်ကုန်က ပင်မအင်တာနက်ကို ဖြတ်ချပြီး နောက်ထပ်သတင်းတွေ ထပ်မထွက်အောင် ထားဆီးခဲ့တာပါ။

အကျဉ်းကတော့ စက်တင်ဘာ အရေးအခင်းမှာ အစိုးရရဲ့ သတင်းထိမ်းချုပ်မူဟာ လုံးလုံးမအောင်မြင်ခဲ့ဘူးဆိုတာပါဘဲ။ ဆိုဒ်ဘာ သူပုန်တွေဟာ ဖြစ်ရပ်မှန်တွေကို မှတ်တမ်းတင် ပေးပို့နိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် ဘလောက်ဂါတွေ ၊ သတင်းရိုက်ကူးသူတွေ သတိထားရမှာကတော့ နောက်တခါ ဒီလိုအရေး ထပ်ကြုံလာရင် စက်တင်ဘာအရေးအခင်းတုန်းကလောက်တော့ လွယ်တော့မှာ မဟုတ်ဘူးဆိုတာဘာဘဲ။ အစိုးရကလည်း တခါခံထားရတော့ အတွေ့အကြုံရသွားပြီ၊ တော်တော်လည်း ဘလောက်ဂါတွေကို မုန်းသွားပြီဆိုတော့ ... အင်း... သတိထားကြပေါ့။Heinngehttp://www.blogger.com/profile/06504924571092371711noreply@blogger.com0tag:blogger.com,1999:blog-13888816.post-67710617436522342332007-05-06T04:51:00.001+01:002007-05-06T04:51:53.127+01:00Domain Name Registration နှင့် မြန်မာ့ဓလေ့ (၄)မနေ့တနေ့က ဖြစ်မည်ထင်သည်။ အသိတစ်ယောက်နှင့် စကားလက်ဆုံကျရင်း မြန်မာပြည်က နည်းပညာနှင့် ပတ်သက်သည့် အကြောင်းပြောဖြစ်သည်။ ထုံးဓံအတိုင်း ပြောရင် ရယ်ရင်းပေါ့။

ဒါနဲ့စကားစပ်မိရင်း domain name ကို .com.mm ဖြင့် မြန်မာပြည်တွင် ၀ယ်မည်ဆိုလျှင် ဘယ်လိုလုပ်ရသည်ကို ပြောဖြစ်သည်။ ၂၀၀၆ မေလ လောက် ဖြစ်မည်ထင်သည်။ မြန်မာပြည်ပြန်ရောက်တော့ domain name လေးဘာလေး ၀ယ်မလား စဉ်းစားမိသည်။

ဒါနဲ့ ဒီအပိုင်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ အကိုတယောက်ကို မေးကြည့်မိသည်။ သူပြန်ပြောပြတော့ ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနှင့် ဘာထပ်မေးရမည်မသိ။

အကျဉ်းချူံးရရင်တော့ ဒါတွေလုပ်ရသည်ပေါ့။ ပထမဆုံးက domain name ကို ၀ယ်ချင်တိုင်းဝယ်လို့မရ။ domain name ၀ယ်ချင်လျှင် company ရှိရမည်။ company ထောင်ရန်အတွက် ၄ လမှ ၆ လထိ ကြာနိုင်သည်။ company ရှိလျှင်လည်း domain နာမည်ကို ကြိုက်တာယူလို့မရပါတဲ့။ company နာမည်ကိုပဲယူရမယ်ဟုဆိုသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး။ ထောက်လှန်းရေးကို ဖြတ်ရသည်ဆိုပဲ။ သူတို့ဆီက လက်မှတ်လိုသည်။ နိုင်ငံရေးနှင့် ကင်းရှင်းဘာသည် ညာသည်ပေါ့။

ဒါကတော့ မြန်မာ့ "ဓလေ့" ပေါ့လေ။ အခုတော့ ဘယ်လိုနည်းစနစ်တွေ သုံးနေသည်မသိ။ အနောက်နိုင်ငံက "ဓလေ့" ကတော့ နံပါတ် ၁၉ လုံး၊ ရက်စွဲ နှစ်ခုနှင့် အချိန် ၂ မိနစ်ပေးနိုင်လျှင် domain name ၀ယ်လို့ရသည်။ domain name ၀ယ်ဘူးသူ ဒါမှာမဟုတ် online shopping လုပ်သူတွေ ဒီနံပါတ်တွေနှင့် ရက်စွဲကို သိကြသည်။

အော်... မြန်မာပြည်မှာ domain name ၀ယ်ဖို့ လိုအပ်ချက်တွေက လောလောဆယ် ၁၉ ချက်လောက်တောင်မှာ မရှိသေးတော့ နောက်ထပ်ဘာတွေ တိုးလာမလဲဆိုတာကို မိတ်ဆွေနဲ့ အတူ စဉ်းစားမိနေကြပါသေးတယ်....Heinngehttp://www.blogger.com/profile/06504924571092371711noreply@blogger.com5tag:blogger.com,1999:blog-13888816.post-32427680277292491232007-04-30T17:56:00.001+01:002007-04-30T18:36:48.129+01:00အင်တာနက်၊ မြန်မာပြည် နှင့် ရိုးရာဓလေ့များ (၃)အရင်ပို့စ်တုန်းက ၂၀၀၀-၀၁ မြန်မာပြည်ရဲ့ အင်တာနက် အခြေအနေဘယ်လိုဆိုတာ ရေးခဲ့ပြီးဖြစ်သည်။ ဒီဘလော့ခ်မှာ ရေးတင်လိုက်တဲ့ အကြောင်းအရင်းကတော့ အဲ့တုန်းက ဘာမှန်းမသိလိုက်သူတွေလည်း အဲ့ဒီပို့စ်လေး ဖတ်ပြီး .. အော် အဲ့တုန်းက အဲ့လိုပါလား ဆိုပြီး သဘောပေါက်သွားစေချင်တာဖြစ်သည်။

နောက်ပိုင်း ၂၀၀၄-၅ တွင် နက်ဆိုင်တွေ အတော်လေးပေါ်လာပါတယ်။ KMD တို့ YanKin Center တို့တွင် နက်ဆိုင်တွေရှိလာသည်။ တစ်နာရီကို ၁၂၀၀ ပေးရသည်။ ထုံးစံအတိုင်း နှေးသည်။ နက်သုံးမည်ဆိုလျှင် စိတ်ရှည်ဖို့ အရင်လေ့ကျင့်ရမည်။ ထိုနှစ်များအတွင်းတော့ မန္တလေးတွင် နက်ဆိုင်ရှိသည် မရှိသည်ကိုတော့ အသိအကျ မသိပါ။ ပြင်ပက ဆိုက်တွေကို ၀င်လျှင် အလွန်ကြာသည်။ ဆိုက်တော်တော်များများကိုလည်း မြန်မာ့ဆက်သွယ်ရေးရဲ့ ကျေးဇူးတော်ကြောင့် ၀င်မရပါ။

မြန်မာပြည်တွင် ရိုးရာဓလေ့ရှိသည်။ လွယ်တာကို ခက်အောင်၊ မြန်တာကို နှေးအောင် သူတို့လုပ်ကြသည်။ ဒီဓလေ့ကို သူတို့ စွဲကိုင်ထားကြသည်။ အော်.. တယ်လဲ အစွဲကြီးပါလားနော်လို့ စိတ်ထဲက တွေးမိသည်။

သိသလောက်ပြောရရင် အဲ့ဒီအချိန်က တစ်နိုင်ငံလုံးစုစုပေါင်း bandwidth မှာ 8mbs ပင်မပြည့်။ ဒါကြောင့် ပြင်ပဆိုက်တွေကို ကြည့်လျှင် ကြာတာဖြစ်သည်။ ဂျပန်တို့ ကိုရီးယားတို့မှာ အိပ်တိုင်းတွင် ဒီထက်မြန်သော bandwith တွေရှိသည်။ အော် .. ကွာပုံများပြောပါတယ်။ မှတ်ထားပါ.. အဲ့လောက်ကွာသည်ပေါ့။

ပိုဆိုးတာက မြန်မာ အင်တာနက်တွင် အာဏာသိမ်းမူ ဖြစ်သည်။ ပုဂံကို သူတို့ ယူလိုက်ကြသည်ပေါ့။ ပြီးတော့ ဘာတဲ့.. မြန်မာတယ်လီပို့ ဆိုလား အမည်ပြောင်းသည်။ လုပ်ပုံကို ကြည့်ပါ။ ရိုးရာအတိုင်း ပိုင်ရှင်ပြောင်းသည် နာမည်ပြောင်းသည်။ အော် ဒါလည်း ဓလေ့ပင်ဖြစ်မည်။

ကောင်းမယ့်လို့လုပ်ခါစ မြန်မာ အင်တာနက်လေး ဦးကျိုးသွားသည်။ ဒီလို အလွှဲအပြောင်းတွေ မလုပ်ခင်ကတည်းက ရန်ကုန်မြို့ထဲတွင် ADSL တွေ ရာနှင့်ချီထပ်ချသွားပေးပို့ အစီအစဉ်ရှိသည်။ ပိုင်ရှင်ပြောင်းပြီးတော့ ဒီအစီအစဉ်ကို အကောင်အထည်ပေါ်ရန် နိုင်ငံခြားမှ (ဘယ်နိုင်ငံမှန်းသေချာမသိပါ) ADSL modem တွေ ရာနှင့်ချီဝယ်သည်။ ၀ယ်ပေးသည့် အ၀ယ်တော်ရဲ့ ကျွမ်းကျင်မူကြောင့် ထို ADSL modem တွေမှာ မြန်မာပြည်က host တွေနှင့် အလုပ်မလုပ်ပေ။ ထိုစက်အသစ်တွေကို အလုပ်လုပ်အောင် host ကိုပါလဲရမည်။ ဖြစ်ပုံကတော့ အဲ့လိုဗျ။ သူတို့နှင့် သူတို့ရဲ့ အ၀ယ်တော်များပေါ့..။

ဒါနဲ့ပဲ ရန်ကုန်တွင် ထပ်ချပေးမည့် ADSL များမှာ ထွက်မလာတော့။ ၀ယ်ထားမိသမျှ စက်အသစ်များမှာလည်း ဒီတိုင်း ငုတ်တုတ်။ နောက်ပေါ့ ADSL လျှောက်လွှာတွေ ပိတ်ထားလိုက်တဲ့ သတင်း ထွက်လာသည်။ အော်.. ဒါလည်း ဓလေ့ပင် ဖြစ်မည်။

ကျွန်တော်စဉ်းစားသည် မြန်မာပြည်တွေ နေလျှင်တော့ မြန်မာ့ရိုးရာ "ဓလေ့" တွေနှင့် အသားကျအောင် နေနိုင်မှ ဖြစ်သည်။ ဒီစာရေးပြီးသွားတော့ သက်ပြင်းချရာတွင်ပင် ဓလေ့၊ ဓလေ့ဆိုသည့် အသံကို ခပ်သဲ့သဲ့ ကြားနေရသည်။Heinngehttp://www.blogger.com/profile/06504924571092371711noreply@blogger.com0tag:blogger.com,1999:blog-13888816.post-19997658893344215702007-04-21T14:25:00.001+01:002007-05-06T03:57:59.307+01:00World Blog Day, အင်တာနက်, မြန်မာပြည်နှင့် မြန်မာဘလော့ခ်ဂါ (၂)ဘလော့ခ်ရေးသူတွေ စုစုစည်းစည်းနဲ့ ကမ္ဘာ့ ဘလော့ခ်နေ့မှာ မြန်မာပြည်မှာ စာအုပ်ထုပ်ဖို့ လုပ်နေကြပါတယ်။

ဘလော့ခ်ရေးသူတွေက တစ်ကမ္ဘာလုံးက မြန်မာတွေ ဖြစ်တာကြောင့် ပူးပေါင်းဆောင်ရွက်ရတဲ့ အခါမျိုးမှာတော့ အခက်အခဲတွေ ရှိနေပါတယ်။ ဘာပဲပြော မြန်မာပြည်မှာ ဘလော့ခ်ရေးသူတွေ များလာတာကို ကျေးဇူးတင်ရမည်။

ပြင်ပရောက်နေသူက စိတ်ကူး ၊ အကြံညဏ်သာ ပေးနိုင်သည်၊ ကူညီနိုင်သည် မဟုတ်လော့။ ဒီစာအုပ်ကို ဘလော့ခ်ရေးသားသူ အမာခံ ဆယ်ဂဏန်းလောက်က ဦးဆောင် ထုတ်ဝေကြမည်။

ဒီအကြောင်းနဲ့ ပတ်သက်ရင် forum5 က myanmarbloggers ဖိုရမ်တွင် သွားဖတ်နိုင်ပါတယ်။

လက်ရှိ ၂၀၀၇ April လထိ စာရင်းအရ မြန်မာဘလော့ခ်ဟာ ၂၀၀ အောက်မှာဘဲရှိနေသေးပါတယ်။ ဒီ ၂၀၀ တွင် ၂၀ လောက်က active မဖြစ်။ ကျန် ၃၀ လောက်က သူများရေးလို့ လိုက်ရေးသည်။ မြန်မာ ဘလော့ခ်အသိုင်းအ၀ိုင်းမှာ တစ်ယောက်ကို တစ်ယောက်သိကြသည်။ အသိုင်းအ၀ိုင်းကဲ့သို့ ဖြစ်နေသည်။ သို့သော် အသိုင်းအ၀ိုင်းမှာ အားလုံးရောနေသည်။ ကွန်ပြူတာ သမားတွေပါသည်၊ ကဗျာရေးသူများပါသည်၊ ဟိုမရောက် ဒီမရောက်သမားတွေ ပါသည်။

သန်း ၅၀ လောက်(ကျော်)ရှိသော မြန်မာပြည်တွင် ဘလော့ခ်သိသူ ရာဂဏန်းမျှရှိမည်၊ တကယ်ရေးသူ ဆယ်ဂဏန်းရှိသည်။ မြန်မာပြည်ရဲ့ အင်တာနက်သုံးစွဲသူအရေအတွက်ဟာ စီအိုင်အေက စာရင်းများအရ ဆိုမားလီးယား (somalia) ၊ အီသီရိုးပီးယား (Ethiopia) တို့ထက်နည်းပါတယ်။ ကျန်တာတော့ ဆက်စပ်တွေးကြည့်ပါတော့။ သို့သော် ဒီဂဏန်းက ၂၀၀၅ ခုနှစ်ကပါ။ လက်ရှိ အနေအထားမှာတော့ မြန်မာပြည်မှာလည်း နက်ဆိုင်တွေ များလာတာကြောင့် သုံးစွဲသူအရေအတွက်လည်း တိုးပွားလာမည်မှာတော့ သေချာသည်။

မှတ်မိသေးသည်။ ၂၀၀၀ ၊ ၀၁ တွင် မြန်မာပြည်တွင် အင်တာနက် သုံးသူ ၂၀ အောက်သာရှိသည်။ အစိုးရ ဋ္ဌာနများနှင့် အခွင့်ထူးခံလူများသာဖြစ်သည်။ Yahoo Homepage ကို ၁၀ မိနစ်ကြာအောင် စောင့်ရသည်။ ကျွန်တော်မှာ Yahoo Hompage ကို ဆယ်မိနှစ်ကြာအောင် Render လုပ်သင်ကို အထူးအဆန်းဖြင့် ကြည့်ခဲ့ရဘူးသည်။ စာရွက်တစ်ရွက်တောင်းပြီးရင် အပြင်တစ်ပတ် ထွက်နိုင်သည်။

အဲ့ဒီအချိန် (၂၀၀၀ ၊ ၂၀၀၁) က အီးမေးလ်မှာလိုချင်လျှင် မြန်မာ့ဆက်သွယ်ရေးကို သွားရသည်။ သူ့တို့ပေးချင်သူကိုမှာပေးသည်။ mpt.mail.mm စသည့် ရှည်လျားသည်း လိပ်စာမျိုးဖြစ်သည်။ ဒါအီးမေးလ်ကို တဂျီဂျီ တဂြီဂြီ မြည်သည့် modem အသုံးပြုကာ ၀င်ရသည်။

မိဘများကျေးဇူးတော်ကြောင့် ၂၀၀၂ တွင် နိုင်ငံခြားရောက်လာသည်။ မြန်မာပြည်တွင် ရင်းနှီးခဲ့သည့် အင်တာနက်ဆိုသည်မှာက ခပ်နှေးနှေး အေးအေးဆေးဆေးမလား။ ဒီဘက်က အင်တာနက်ကတော့ မြန်မာပြည်ကလာသူ ကျွန်တော့အတွက် မြန်လှသည်။

Google ကိုလည်း မသုံးတတ်၊ Yahoo မေးလ်ကို အခြားသူကို ဖွင့်ခိုင်းရသည်။ အဲ့လောက်ကို နက်နှင့် ပတ်သက်ရင် ကျွမ်းကျင်သည်။

<object id="New_150x150test" codebase="http://fpdownload.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=" height="150" width="150" align="middle" classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000"><param name="_cx" value="3969"><param name="_cy" value="3969"><param name="FlashVars" value=""><param name="Movie" value="http://www.blogday.org/buttons/New_150x150.swf?contry=burma"><param name="Src" value="http://www.blogday.org/buttons/New_150x150.swf?contry=burma"><param name="WMode" value="Window"><param name="Play" value="-1"><param name="Loop" value="-1"><param name="Quality" value="High"><param name="SAlign" value=""><param name="Menu" value="-1"><param name="Base" value=""><param name="AllowScriptAccess" value="always"><param name="Scale" value="ShowAll"><param name="DeviceFont" value="0"><param name="EmbedMovie" value="0"><param name="BGColor" value="FFFFFF"><param name="SWRemote" value=""><param name="MovieData" value=""><param name="SeamlessTabbing" value="1"><param name="Profile" value="0"><param name="ProfileAddress" value=""><param name="ProfilePort" value="0"><param name="AllowNetworking" value="all"><param name="AllowFullScreen" value="false">

<embed src="http://www.blogday.org/buttons/New_150x150.swf?contry=burma" quality="high" bgcolor="#ffffff" width="150" height="150" name="New_150x150test" align="middle" allowscriptaccess="always" type="application/x-shockwave-flash" pluginspage="http://www.macromedia.com/go/getflashplayer"></embed>
</object>
Heinngehttp://www.blogger.com/profile/06504924571092371711noreply@blogger.com0tag:blogger.com,1999:blog-13888816.post-8029782303458501662007-03-30T18:19:00.001+01:002007-03-30T18:19:09.822+01:00ဘလော့ခ် ဆိုတာဘာလဲ နဲ့ မြန်မာ ဘလော့ခ်ဂါများ .... (၁)မြန်မာတွေ တော်တော်များက ဘလော့ခ်ဆိုတာကို ဘာလဲ ဆိုတာကို မသိကြပါဘူး ... သိတဲ့သူကလည်း အတော်လေးကို ထဲထဲဝင်ဝင် သိနေကြပါတယ်...

မြန်မာတွေ ရေးတဲ့ ဘလော့ခ်တွေကို အရင်တုန်းကလည်း တွေ့ဘူးပါတယ်... ကျွန်တော်လည်း ဘလော့ခ်ဆိုတာ စပေါ်တုန်းကတည်းကရင်း ရေးဘူးပါတယ်... ဒါပေမယ့် .. ခဏပါ..

ဖတ်မဲ့သူကလည်း ကိုယ့်အပြင် ဘယ်သူမှ မရှိဆိုတော့ မရေးဖြစ်တာပါ.. နောက် အဲတုန်းက ၂၀၀၄-၅ လောက်ပဲရှိဦးမယ်ထင်ပါတယ် ... www.blogger.com စပေါ်ခါစပေါ့ပါ...

Google က blogger.com ကိုတောင် မ၀ယ်ရသေးပါဘူး ... အဲ့တုန်းက မြန်မာစာရေးဖို့ ယူနီကုတ်ဆိုတာလည်း ဘယ်နားနေမှန်းမသိပါ... ဇော်ဂျီတို့ မြဇေတီတို့ ပေါ်ပြီလို့တော့ ထင်ပါတယ်...

ကျွန်တော်တောင် ၀င်းအင်းဝကို EOT သုံးပြီး ရေးခဲ့ပါသေးတယ်...

အခုတော့ မြန်မာလို ယူနီကုတ်နဲပ ဘလော့ခ်ရေးတဲ့သူ ရာဂဏန်းလောက်တော့ရှိနေပါပြီး ... ဒီလူတွေကို
မြန်မာဘလော့ခ်ဂါ လမ်းညွှန်တို့ 3M Tunes တို့မှာ သွားကြည့်လို ရပါတယ်...

ကိုယ်ကလည်း သူများတွေ ရေးတာတွေ့ပြီး အားကျတာနဲ့ ရေးမယ်ဆိုပြီး ဒီစာကို ရေးလိုက်တာပါ...

ကျွန်တော်ဖတ်ဖူးတဲ့ ညီးလင်းဆက်တို့ ဘာတို့ဆို အတော်လေးကို ကောင်းပါတယ် ... မြန်မာ ဘလော့ခ်တွေ ဒီလောက်များလာတာ သူတို့ တွေရဲ့ အကူအညီတွေ အတော်လေးပါပါတယ်...

နောက် မန္တလေးက မောင်လှ ဆိုတော့ ဘလော့ခ်ဆိုရင်လည်း တကယ်ကို ကောင်းပါတယ်... ပုံတွေနဲ့ တကယ့်ကို ဝေေ၀ဆာဆာပါဘဲ .... ကျွန်တော်ကတော့ မြန်မာပြည်ကနေ ဘလော့ခ်ရေးတဲ့သူတွေကို ပိုလေးစားပါတယ်...

သူတို့ရဲ့ နည်းပညာကို ချစ်မြတ်နိုးမူနဲ့ အရေးသားကောင်းတာတွေလည်း ပါပါတယ်..

ပြည်ပက မြန်မာတွေမှာတောင် ဘလော့ခ်ဆိုတာ မသိတဲ့သူတွေများပါတယ်... မြန်မာတွေဘဲလားဆိုတော့ မဟုတ်ပါဘူး... တစ်ချို့ဒီမှာနေတဲ့သူတွေတောင် မသိတဲ့သူတွေရှိပါတယ်...

ဘလော့ခ်ဆိုတာက အင်တာနက်မှာ လူတွေ မှတ်တမ်း မှတ်စုတွေ ရေးတဲ့ နေရာဖြစ်ပြီးတော့ ဒီမှတ်စုတွေကို အချိန်လိုက် အစီအစဉ်နဲ့ ကြည့်လို့ရတယ် လို့ Wikipedia မှာ ရှင်းထားပါတယ်။

ဒီနေရာက စပြီး ဘလော့ခ်ဆိုတာကို မှတ်စုလို့ဘဲ သုံးသွားပါတယ်။

ဒီမှတ်စုတွေဟာ အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်တဲ့ သတင်းတွေ သို့ ထင်မြင်ချက်တွေ ကို ရေးသားတာ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းအရာမျိုးတွေလည်းဆိုတော့ အစားအသောက် ၊ နိုင်ငံရေး ၊ တေးဂီတ ၊ ရပ်ကွက်သတင်း တို့ အပြင် အခြားသူတွေ့ရဲ့ မှတ်စုတွေ အကြောင်းလည်း ဖြစ်နိုင်ပါတယ်။

ပုံမှန် မှတ်စုတစ်ခုဟာ သူတို့ ပြောဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာသားတွေ ၊ ပုံတွေ ၊ လင့်ခ်တွေ ပါနိုင်ပါတယ်။

တချို့ကျတော့ အကြောင်းအရာ တစ်ခုပေါ်မှာ ဆွေးနွေးပြောဆိုတာ မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် ယူဆချက်တွေ ၊ အရေးအသားတွေကို မျှဝေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဥပမာ ..ကိုယ်ပိုင် ကဗျာ ၊ သီချင်းတွေ ၊ ဟင်းချက်နည်းတွေ ဖြစ်ပါတယ်။

ဘလော့ခ်ဟာ ကွန်ပြုတာသမားတွေ အတွက် အစိမ်းကြီး မဟုတ်လှပေ့မယ့် ပုံမှန်လူတွေအတွက်တော့ အချိန်ပေးမှ ရေးနိုင်မှာ ဖြစ်ပါတယ်...

မြန်မာတွေဟာ မြန်မာလက်ကွက်ကိုတောင်မှာ ကောင်းကောင်းမရိုက်နိုင်တဲ့ အချိန်မှာ ယူနီကုတ်ကို သွင်းပြီး CSS ကို ပြောင်းဖို့လိုတဲ့ ဘလော့ခ်ကို ရေးဖို့ဆိုတာ ပုံမှန်လူတွေအတွက် ခက်ခဲနေပါသေးတယ်...

လူသန်း ၄၀ ကျော်ရှိတဲ့ မြန်မာတွေမှာ မှတ်စုရေးတဲ့သူဟာ ၂၀၀၇ အခုချိန် (၃ လပိုင်း) အထိ ရာဂဏန်းသာ ရှိနေပါသေးတယ်။

မြန်မာပြည်ကနေ ရေးတဲ့သူဆိုရင် လက်ချိုးရေလို့ ရမယ်လို့ ထင်ပါတယ်...Heinngehttp://www.blogger.com/profile/06504924571092371711noreply@blogger.com0tag:blogger.com,1999:blog-13888816.post-37332247120477331972007-02-08T04:03:00.001+00:002007-02-08T04:03:55.825+00:00blogger အတွက် Client Software
ဒီ ဘလော့ခ်ကို ပြန်သုံးမလို့ ဆိုပေမယ့် မြန်မာလို တစ်ခါတည်း blogger ကနေ ရေးဖို့က နည်းနည်း အခက်တွေ့နေတာမို့ client တွေလိုက်ရှာ လိုက်တာ သုံးလေးခုလောက်တွေ့ ပါတယ်.. ဒါပေမယ့် ဒီ BlogJet ကတော့ သုံးလို့ အတော် အဆင်ပြေတာနဲ့ ဒီကောင့ိကိုပဲ သုံးဖို့ ဆုံးဖတ်လိုက်ပါတယ်..

နောက်တော့မှာ ထပ်ရှာကြည့်ဦးမယ်.. တခြား မြန်မာလို ဘလော့ခ်ရေးနေသူတွေတော့ ဘယ်လို ရေးနေကြလဲ မသိပါဘူး.. ကျွန်တော်ကတော့ မြန်မာလို ဘလောခ့်သိပ် မရေးဘူးသေးတော့ နည်းနည်းတော့ အခက်တွေ့တာပေါ့..
Heinngehttp://www.blogger.com/profile/06504924571092371711noreply@blogger.com0tag:blogger.com,1999:blog-13888816.post-1119506059909000632005-06-23T06:54:00.000+01:002005-06-23T06:54:19.910+01:00Our lovely backyard!finally, long time coming gardeners came over yesterday. they took only 2 hours to cut the whole yard covered with 2 feet long grass.Heinngehttp://www.blogger.com/profile/06504924571092371711noreply@blogger.com0