စက်တင်ဘာ အရေးအခင်းအတွင်း မြန်မာပြည်က ဘလောက်ဂါတွေနဲ့ သတင်းရိုက်ကူးပေးပို့ခဲ့သူတွေဘာ ပြန်စဉ်းစားကြည့်ရင် အမှန်တကန်ကို အရေးပါတဲ့နေရာကနေ ပါဝင် လုပ်ရှားခဲ့သူတွေပါ။သူတို့ ရိုက်ကူးပေးပို့လို့ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့နေကြခဲ့ရတာပါ။မြန်မာပြည်သူတွေကလည်း ခံရပေါင်းများတော့ အစိုးရအကြောင်း နောကျေ နေတယ် ထင်ပါတယ်။ အစိုးရကလည်း ပြည်သူတွေကို ကြောက်အောင်၊ ငြိမ်သွားအောင် ဘယ်လိုထိန်းရမယ်ဆိုတာကိုလည်း နောကျေ နေပုံရပါတယ်။ပြည်သူကလည်း အစိုးရ မတရားတာ မဟုတ်တာ လုပ်သမျှကို သက်သေထူနိုင်အောင်လို့ ဖြစ်ရင်ဖြစ်သလို...
5/06/2007
မနေ့တနေ့က ဖြစ်မည်ထင်သည်။ အသိတစ်ယောက်နှင့် စကားလက်ဆုံကျရင်း မြန်မာပြည်က နည်းပညာနှင့် ပတ်သက်သည့် အကြောင်းပြောဖြစ်သည်။ ထုံးဓံအတိုင်း ပြောရင် ရယ်ရင်းပေါ့။ဒါနဲ့စကားစပ်မိရင်း domain name ကို .com.mm ဖြင့် မြန်မာပြည်တွင် ၀ယ်မည်ဆိုလျှင် ဘယ်လိုလုပ်ရသည်ကို ပြောဖြစ်သည်။ ၂၀၀၆ မေလ လောက် ဖြစ်မည်ထင်သည်။ မြန်မာပြည်ပြန်ရောက်တော့ domain name လေးဘာလေး ၀ယ်မလား စဉ်းစားမိသည်။ဒါနဲ့ ဒီအပိုင်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ အကိုတယောက်ကို မေးကြည့်မိသည်။ သူပြန်ပြောပြတော့ ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနှင့် ဘာထပ်မေးရမည်မသိ။ အကျဉ်းချူံးရရင်တော့...
4/30/2007
အရင်ပို့စ်တုန်းက ၂၀၀၀-၀၁ မြန်မာပြည်ရဲ့ အင်တာနက် အခြေအနေဘယ်လိုဆိုတာ ရေးခဲ့ပြီးဖြစ်သည်။ ဒီဘလော့ခ်မှာ ရေးတင်လိုက်တဲ့ အကြောင်းအရင်းကတော့ အဲ့တုန်းက ဘာမှန်းမသိလိုက်သူတွေလည်း အဲ့ဒီပို့စ်လေး ဖတ်ပြီး .. အော် အဲ့တုန်းက အဲ့လိုပါလား ဆိုပြီး သဘောပေါက်သွားစေချင်တာဖြစ်သည်။နောက်ပိုင်း ၂၀၀၄-၅ တွင် နက်ဆိုင်တွေ အတော်လေးပေါ်လာပါတယ်။ KMD တို့ YanKin Center တို့တွင် နက်ဆိုင်တွေရှိလာသည်။ တစ်နာရီကို ၁၂၀၀ ပေးရသည်။ ထုံးစံအတိုင်း နှေးသည်။ နက်သုံးမည်ဆိုလျှင် စိတ်ရှည်ဖို့ အရင်လေ့ကျင့်ရမည်။ ထိုနှစ်များအတွင်းတော့ မန္တလေးတွင် နက်ဆိုင်ရှိသည်...
4/21/2007
ဘလော့ခ်ရေးသူတွေ စုစုစည်းစည်းနဲ့ ကမ္ဘာ့ ဘလော့ခ်နေ့မှာ မြန်မာပြည်မှာ စာအုပ်ထုပ်ဖို့ လုပ်နေကြပါတယ်။ဘလော့ခ်ရေးသူတွေက တစ်ကမ္ဘာလုံးက မြန်မာတွေ ဖြစ်တာကြောင့် ပူးပေါင်းဆောင်ရွက်ရတဲ့ အခါမျိုးမှာတော့ အခက်အခဲတွေ ရှိနေပါတယ်။ ဘာပဲပြော မြန်မာပြည်မှာ ဘလော့ခ်ရေးသူတွေ များလာတာကို ကျေးဇူးတင်ရမည်။ပြင်ပရောက်နေသူက စိတ်ကူး ၊ အကြံညဏ်သာ ပေးနိုင်သည်၊ ကူညီနိုင်သည် မဟုတ်လော့။ ဒီစာအုပ်ကို ဘလော့ခ်ရေးသားသူ အမာခံ ဆယ်ဂဏန်းလောက်က ဦးဆောင် ထုတ်ဝေကြမည်။ဒီအကြောင်းနဲ့ ပတ်သက်ရင် forum5 က myanmarbloggers ဖိုရမ်တွင် သွားဖတ်နိုင်ပါတယ်။လက်ရှိ...
3/30/2007
မြန်မာတွေ တော်တော်များက ဘလော့ခ်ဆိုတာကို ဘာလဲ ဆိုတာကို မသိကြပါဘူး ... သိတဲ့သူကလည်း အတော်လေးကို ထဲထဲဝင်ဝင် သိနေကြပါတယ်... မြန်မာတွေ ရေးတဲ့ ဘလော့ခ်တွေကို အရင်တုန်းကလည်း တွေ့ဘူးပါတယ်... ကျွန်တော်လည်း ဘလော့ခ်ဆိုတာ စပေါ်တုန်းကတည်းကရင်း ရေးဘူးပါတယ်... ဒါပေမယ့် .. ခဏပါ..ဖတ်မဲ့သူကလည်း ကိုယ့်အပြင် ဘယ်သူမှ မရှိဆိုတော့ မရေးဖြစ်တာပါ.. နောက် အဲတုန်းက ၂၀၀၄-၅ လောက်ပဲရှိဦးမယ်ထင်ပါတယ် ... www.blogger.com စပေါ်ခါစပေါ့ပါ...Google က blogger.com ကိုတောင် မ၀ယ်ရသေးပါဘူး ... အဲ့တုန်းက မြန်မာစာရေးဖို့ ယူနီကုတ်ဆိုတာလည်း ဘယ်နားနေမှန်းမသိပါ......
2/08/2007
ဒီ ဘလော့ခ်ကို ပြန်သုံးမလို့ ဆိုပေမယ့် မြန်မာလို တစ်ခါတည်း blogger ကနေ ရေးဖို့က နည်းနည်း အခက်တွေ့နေတာမို့ client တွေလိုက်ရှာ လိုက်တာ သုံးလေးခုလောက်တွေ့ ပါတယ်.. ဒါပေမယ့် ဒီ BlogJet ကတော့ သုံးလို့ အတော် အဆင်ပြေတာနဲ့ ဒီကောင့ိကိုပဲ သုံးဖို့ ဆုံးဖတ်လိုက်ပါတယ်..နောက်တော့မှာ ထပ်ရှာကြည့်ဦးမယ်.. တခြား မြန်မာလို ဘလော့ခ်ရေးနေသူတွေတော့ ဘယ်လို ရေးနေကြလဲ မသိပါဘူး.. ကျွန်တော်ကတော့ မြန်မာလို ဘလောခ့်သိပ် မရေးဘူးသေးတော့ နည်းနည်းတော့ အခက်တွေ့တာပေ့...
Subscribe to:
Posts (Atom)